Friday, June 27, 2008
အဲဒီနောက်မှာတော့ Canon EOS 450D SLR ကင်မရာအကြောင်း ရှင်းပြပါတယ်... မန္တလေးမှာ ဓာတ်ပုံဆိုင် ဖွင့်စားမည့်သူများဟာ ယင်း ကင်မရာ တစ်လုံးကို ပိုင်ဆိုင်ပြီ ဆိုရင် နောက်ထပ် ၅-နှစ်အတွင်း နောက်ထပ် ကင်မရာများ ထပ်ဝယ်စရာမလိုဘူး လို့ရှင်းပြသွားကြောင်းပါ... ယင်းကင်မရာဖြင့် ဓာတ်ပုံ ရိုက် ယူရာမှာ ISO 100 မှ ISO 1600 အထိ အသုံးပြုနိုင်ပြီး ISO100 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality နဲ့ ISO1600 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality အတူတူ နီးပါးဖြစ်ကြောင်း ပြောကြားပါတယ်... ဒါပေမယ့် တကယ် နှိုင်းယှဉ်ကြည့်တဲ့အခါ ISO100 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality ဟာ ညက်ညောပေမယ့် .. ISO1600 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံမှာ noise များ ပါဝင်ပါတယ်... ဒါပေမယ့် လက်ခံနိုင်တဲ့ noise များ ဖြစ်ပါတယ်... ယင်း ကင်မရာမှာ Live View ပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်...
ကင်မရာ အကြောင်းများ ရှင်းပြပြီးတဲ့ အချိန်မှာတော့ အစားအသောက်နဲ့ ဧည့်ခံပြီး တစ်ချိန်တည်းမှာ EOS 450D ကင်မရာများဖြင့် မော်ဒယ် အလှပုံများ စမ်းသပ် ရိုက်ကူး ပေးနိုင်ရန် စီစဉ်ထားတာ တွေ့ခဲ့ရကြောင်းပါ...
My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, Canon, EOS 450D



